MPMDMA မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ သွားရောက်တွေ့ဆုံ ဆွေးနွေးစဉ်


မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ သွားရောက်တွေ့ဆုံဆွေးနွေးစဉ်
၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ ရုံးအမှတ်(၄) နေပြည်တော် ရှိကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သော
မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်း(MPMDMA)၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း(MCCPMD) တို့မှ
🔹COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲ အမှန်တကယ်တွေ့ကြုံနေရသော တင်ဒါလုပ်ငန်းစဉ်များနှင့်ပတ်သက်သောအခက်အခဲများ၊
🔹ဆေးဝါး၊ ဆေးပစ္စည်းများရှားပါးမှုမရှိစေရန် ပြည်တွင်းတွင်ထုတ်လုပ်သော အရည်အသွေးမြင့် အနောက်တိုင်းဆေးဝါးနှင့် ဆေးပစ္စည်းများကို ဦးစားပေးဝယ်ယူခြင်း (National Procurement Policy) ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် ဝန်ကြီးရုံးမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာထင်လင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နှင့် သက်ဆိုင်ရာဆေးဝါး၊ ဆေးပစ္စည်းဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်လုပ်သူများအသင်းမှ ဥက္ကဌ ဦးဇော်မိုးခိုင်၊ အထွေထွေအတွင်းရေးမှူး ဦးခင်ဇော်မိုး၊ အလုပ်အမှူဆောင် Dr. ဒေါ်ခင်သီရိ နှင့်တကွ အလုပ်မှူဆောင်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့စဉ်ပုံရိပ်များ